Menu
  • My-En

ရွေးချယ်ထားသော နေရာများ

ကျွန်ုပ်တို့သည် အကောင်းဆုံးသော Street Furniture များကို ယူဆောင်လာပါသည်။ ပိုမိုမြင်သာ ပျံ့နှံ့လွယ်သော နေရာများကိုလည်း ဂရုတစိုက် ရွေးချယ်ထားပါသည်။ ကြော်ငြာနေရာ အားလုံးမှာလည်း အများပြည်သူများနှင့် ယာဉ်မောင်းများ   နေ့စဉ်အသုံးပြုသော အဓိကလမ်းကြောင်းများ နှင် ့ ဆက်စပ်သော နေရာများသာ ဖြစ်ပါသည်။

 

ကမ္ဘာ့အဆင့်မီ အရည်အသွေးပြည့်ဝမှု

တပ်ဆင်မည့် လုပ်ငန်းနေရာအားလုံးအတွက် ပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အဆင့်မြင့်စွာ ဆောင်ရွက်မည်ဖြစ်ပါသည်။ ပုံမှန်စစ်ဆေးခြင်း၊ အရည်အချင်းရှိ လုပ်သားများနှင့် အဆင့်အတန်းမီ ဝန်ဆောင်မှုများက မှတ်တိုင်နှင့် ဆိုင်းဘုတ်များအားလုံးကို ပြည်သူူများ အဆင်ပြေစွာဖြင့် အမြဲအသုံးပြုနိုင်စေရန် အစဉ်သန့်ရှင်းသပ်ရပ် လှပစေမည် ဖြစ်ပါသည်။

ထုတ်လုပ်မှု နှင့် ပုံနှိပ်ခြင်း
မှတ်တိုင်နှင့်ဆိုင်းဘုတ်များတွင် အသုံးပြုမည့် မြို့တော်ဆိုင်ရာ သတင်း အချက်အလက်များနှင့် ကြော်ငြာများ ပုံနှိပ်ခြင်းကို အကောင်းဆုံးပစ္စည်းများသုံး၍ တိကျသော မီဒီယာပုံစံနှင့် ထုတ်လုပ်မှုစံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ပါသည်။

စဉ်ဆက်မပြတ် စစ်ဆေးခြင်း
ကြော်ငြာဆိုင်းဘုတ်၊ မှတ်တိုင်များ၏ တပ်ဆင်ထားရှိမှု အခြေအနေ၊ တင်ပြပုံအရည်အသွေး၊ ပုံမှန်စစ်ဆေးမှု၊ သန့်ရှင်းမှု နှင့် ပြုပြင်ထိန်းသိမ်းမှု များကို အစဉ်မပြတ် ဂရုပြုစောင့်ကြည့်ခြင်း။

ကောင်းမွန်သော နိုင်ငံတကာအတွေ့အကြုံများဖြင့် သင့်အတွက်ဝန်ဆောင်မှု

JCDecaux ၏ နိုင်ငံတကာတွင် ဆောင်ရွက်ခဲ့ပြီးသော အတွေ့အကြုံများက Outdoor Advertising နယ်ပယ်တွင်  ဦးဆောင်ဦးရွက်ပြုသူ အဖြစ် အသိအမှတ်ပြုစေခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကျယ်ပြန့်သော ကွန်ယက်နှင့် အားသာချက်များကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ အကြီးဆုံးမြို့တော်များမှသည် သေးငယ်သော ဖွံံ့ဖြိုးတိုးတက်မှုများသာဖြစ်ပေါ်နေသော နေရာများကိုပါ သိရှိနားလည်လာရသည့် အဖိုးမဖြတ်နိုင်သော အသိအမြင်နှင့် သင်ခန်းစာများ ရရှိစေခဲ့ပါသည်။ ထိုအသိအမြင်များကို နိုင်ငံတိုင်းတွင်ရှိသော JCDecaux ၏ ဒေသအခြေစိုက် ဌာနများသို့ ဖြန့်ဝေသိရှိစေ၍ တူညီသော နည်းဗျူဟာများ ချမှတ်ကာ လုပ်ငန်းအပ်နှံသူများကို လိုအပ်သည့်ပန်းတိုင် ရောက်သည်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
 

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ