Menu
  • My-En

မြန်မာနိုင်ငံတွင် စတင်ခြင်း


FMIDecaux သည် ရန်ကုန်မြို့တော်နေရာအနှံ့တွင် အသစ်ပြန်လည်တည်ဆောက်မည့် အဆင့်မြင့် ဘတ်စ်ကားမှတ်တိုင်များ (Bus Shelters) နှင့် မြို့တော်ဆိုင်ရာသတင်း အချက်အလက်များ ဖော်ပြမည့် ဆိုင်းဘုတ် များ (CIPs) တွင် ကြော်ငြာလုပ်ငန်းများ ဆောင်ရွက်ရန် တစ်ဦးတည်း  မူပိုင်အနေဖြင့် တင်ဒါရရှိထားသော ကုမ္ပဏီ ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသော JCDecaux Company မှ ရှယ်ယာ (၆၀%)၊ FMI Company ဘက်မှ ရှယ်ယာ (၄၀ %) ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ပါသည်။

FMIDecaux သည် မြို့တော်နေပြည်သူများအသုံးပြုရန်အတွက် Bus Shelters များနှင့် CIPs များကို Design ဖန်တီးခြင်းမှအစ၊ တပ်ဆင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ တပါတည်းဝန်ဆောင်မှုပေးမည့် လုပ်ငန်းဖြစ်ပါသည်။ လုပ်ငန်းလည်ပတ်မည့်အချိန်ကာလတစ်လျောက် လုံးအတွက် ကုန်ကျစရိတ်များကို ကြော်ငြာလုပ်ငန်းဖြင့် အထောက်အကူဖြစ်စေမည့် စီးပွားရေးအသွင်ကို JCDecaux မှ ၁၉၆၄ ခုနှစ်မှစ၍ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။

JCDecaux ကို ၁၉၆၄ ခုနှစ်တွင် လမ်းအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးသော ဝန်ဆောင်မှုကို စတင်တီထွင်ဖော်ဆောင်သူ Mr. Jean-Claude Decaux မှ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ လုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ အရည်အသွေးမြင့် Street Furniture များကို အများပြည်သူများ သွားလာနေထိုင်သည့် နေရာများတွင် တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြုလုပ်ပေးရန် နှင့် ထိုအရာများ၏ တစိတ်တဒေသတွင် ကြော်ငြာလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။ JCDecaux သည် မိသားစုပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး ယခုအခါ ကမ္ဘာအနှံံ့အပြား နိုင်ငံများတွင် နံပါတ် (၁) နေရာ၌ ရပ်တည်နေသော ကြော်ငြာကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။

၈၀ ကျော်နိုင်ငံပေါင်း
၄၀၃၃ ကျော်မြို့ပေါင်း
၁,၀၇၄,၁၁၃ ခုကြော်ငြာဆိုင်းဘုတ် စုစုပေါင်း
၃၄၇၂ သန်း ၂၀၁၇ ခုနှစ်အတွင်း ဝင်ငွေ စတာလင်ပေါင်
၁၃၀၄၀ ဦးဝန်ထမ်းဦးရေ

ကျွန်ုပ်တို့ တန်ဖိုးထားသည့် အရာများနှင့် ကတိ


အကောင်းဆုံးသော အရာများကိုသာ သင့်ထံ ယူဆောင်လာမည်ဟု ကျွန်ုပ်တို့ကတိပြုပါသည်။
 

သန့်ရှင်းမှု နှင့် ထိိန်းသိမ်းရေး

မြို့တော်သာယာလှပရေးနှင့် မြို့တော်တွင်းနေ ပြည်သူများ၊ ကမ္ဘာလှည့်ဧည့်သည်များအား စစ်မှန်ပြည့်ဝသော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အသုံးအဆောင်ပစ္စည်းများအား သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်တစိုက် အလေးထားလုပ်ကိုင်သွားပါမည်။ ပြည်သူများ၏ နေ့စဉ်သွားလာရေးတွင် မည်သည့် အနှောင့်အယှက်၊ နှောင့်နှေးမှုမျှ မဖြစ်စေဘဲ ထိန်းသိမ်းပြုပြင်ရေးများ ဆောင်ရွက်ပေးနိုင်ခြင်းမှာ ကျွန်ုပ်တို့၏ ပန်းတိုင်ဖြစ်ပါသည်။ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင်ရှိသော ပြည်သူများနှင့် ကြော် ငြာလုပ်ငန်းအပ်နှံဆောင်ရွက်သူများကို အကောင်းဆုံး အာမခံဆောင်ရွက်ပေးနိုင်နေခြင်းမှာ စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း၊ ပုံမှန်စစ်ဆေးခြင်း၊ ဝန်ထမ်းများအား သင်တန်းပေးခြင်းနှင့် စည်းကမ်းတိကျသော လုပ်ထုံးလုပ်နည်းများကြောင့်  ဖြစ်ပါသည်။ ဤဆောင်ရွက်ချက်များအားလုံးကို ကျွန်ုပ်တို့၏ နည်းပညာရှင်များအဖွဲ့မှ ကောင်းမွန်သော သင်ကြားမှုများရယူကာ ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြစ်ပါသည်။

အရည်အသွေးမြင့်မားမှု၊ ပုံစံ Design နှင့် တီထွင်ဆန်းသစ်မှု

အကောင်းဆုံးသော ထုတ်ကုန်များကိုသာ အဆင့်မြင့်စွာ ထိန်းသိမ်းဆောင်ရွက်ပေးမည်ဟူ သော JCDecaux ၏ ကတိခံယူချက်နှင့်အညီ သာလွန်ကောင်းမွန်သော၊ မြို့ပြအင်္ဂါရပ်နှင့် ကိုက်ညီသော ပစ္စည်းများဖြင့် ပြင်ဆင်ထားရှိပါသည်။ လုပ်ကိုင်ခဲ့သည့်သက်တမ်းတလျှောက် Street Furniture များကို အသုံးပြုသူများနှင့် လွယ်ကူအဆင်ပြေနိုင်သော ပစ္စည်းများဖြစ်စေရန် နှင့် အများပြည်သူ သွားလာသည့် နေရာများနှင် ့ သင့်တော်စေရန် ကမ္ဘာ့နာမည်ကြီး ဒီဇိုင်နာများဖြင့် အပ်နှံရေးဆွဲခဲ့ပါသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း

နိုင်ငံတကာ အဆင့်အတန်းမီ အရည်အသွေးပြည့်ဝစေရန် လုပ်ဆောင်မှုအနေဖြင့် မြို့တော်များ၏ ဝန်းကျင်ကို စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေစေရန် ကြိုးပမ်းမှုများကြောင့်် JCDecaux သည် ကျင့်ဝတ်ထုံးဆိုင်ရာ အရည်အချင်းသတ်မှတ်ပေးသော အဖွဲ့အစည်းများ၏ အသိအမှတ်ပြုခြင်းခံရသော တစ်ခုတည်းသော ပြင်ပ ကုမ္ပဏီ ဖြစ်ပါသည်။
JCDecaux ၏ လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် လေ့လာပါ။